Lastest News

recentposts
[post_ad]

ချစ်၏လောဘ

ကိုယ်ကချစ်ရဲ့  နေမဝင်ချစ်
ဆည်းဆာချိန်လေး ရပ်တန့်နေစေ
ချစ်ရဲ့ကောင်းကင် မဖြစ်ခဲ့ရင်
အရိပ်ပေးမယ့် တိမ်းဖြစ်ရပါစေ။

ချစ်သူ....ကိုယ်ဟာ
ဟိုးအဝေးကပျံသန်းလာရတဲ့
ဆောင်းခိုငှက်တွေလို
ကိုနှလုံးသားလည်း ပင်ပန်းလှပါပြီ
မင်းရင်ခွင်မှာ ငါနားခိုဖို့နေရာ
အပြည်မရှိသော်လည်း
တစ်ခုတော့ချန်ထားပေးနော်

အိုး... ချစ်သူရယ်။
ကိုနံဘေးမှာ ချစ်မရှိပေးမဲ့
ကိုအတွေးမှာ ချစ်ရှိတယ်။
ချစ်နံဘေးမှာ ကိုမရှိရင်
ချစ်အတွေးမှာ ကိုရှိပါမလား..။

ကိုချစ်သလောက် ချစ်မချစ်ဘူးလို့
တွေးမိတဲ့အခါ
ကိုလွမ်းသလောက် ချစ်မလွမ်းဘူးလို့
စဉ်းစားမိတဲ့အခါ
ကိုက အချစ်လာဘ ကြီးနေတာပါ
ချစ်သူ..။
ချစ်၏လောဘ Reviewed by ဝင်းလှိုင်-နည်းပညာ on Tuesday, August 22, 2017 Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.