Lastest News

recentposts
[post_ad]

Android OS အသုံးပြုသည့် စမတ်ဖုန်းကို ပေါ့ပါးစေရန်(၁၀)ချက်

ယခုဆိုလျှင် စမတ်ဖုန်းတွေဟာ ပေါများလှသလို အမျိုးအစား ဈေးနှုန်း အနိမ့်အမြင့် မျိုးစုံ ရှိလှပါတယ်။ ဒီလိုပေါများတာကလည်း Open Source OS ဖြစ်တဲ့ Android OS ကြောင့်ဆိုလဲ မမှားပါဘူး။ Android OS မှာတင် အရွယ်အစားမျိုးစုံ ဒီဇိုင်းမျိုးစုံ တံဆိပ်မျိုးစုံ တန်ဖိုးနည်း/များ ရှိကြပါတယ်။ ဒီထဲကမှ တန်ဖိုးကြီး စမတ်ဖုန်း ကိုင်ဆောင်သူတွေဟာ ဖုန်းရဲ့ ပေါ့ပါးမှု ဖုန်းရဲ့ စွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကို အသုံးပြုချင်လို့ ကိုင်ဆောင်ကြတာ များပါတယ်။ ဒါပေမယ့် စမတ်ဖုန်းကို ပေါ့ပါးအောင် မပြုလုပ်နိုင်တဲ့အတွက် ဈေးကြီးပေးပြီး စိတ်မချမ်းမသာ ဖြစ်ကြရပါတယ်။ ဒီလို မဖြစ်ရအောင် Android OS သုံး စမတ်ဖုန်းတွေကို ပေါ့ပါးအောင် ပြုလုပ်နိုင်မယ့် အချက် (၁၁) ချက်ကို တင်ပြပေးလိုက်ရပါတယ်။

၁။ သင့်ဖုန်းဟာ Up to date ဖြစ်ပြီလား

Android OS သုံး စမတ်ဖုန်းတွေမှာ System ပိုင်းဆိုင်ရာ Update တွေ minor update တွေပေးတတ်ကြပါတယ်။ အဆိုပါ Update တွေမှာ Error များကို Bug fixes ပါဝင်တတ်ပြီး စမတ်ဖုန်းကို ပိုမို မြန်စေနိုင်ပါတယ်။ အဆိုပါ minor နဲ့ System Update များကို internet မှ တိုက်ရိုက် မြှင့်တင်နိုင်ပြီး မိမိရဲ့ ဖုန်းမှာ Update တွေ ရှိ၊ မရှိဆိုတာကို Settings > About device > Software update မှာ ကြည့်ရှုနိုင်ပါတယ်။ ထို့အတူ ဖုန်းမှာ ပါဝင်လာတဲ့ Default Application တွေကိုလည်း Update မြင့်ပေးသင့်ပါတယ်။

၂။ Home screen ကို ရှင်းလင်းအောင်ထားခြင်း

သင့်ရဲ့ စမတ်ဖုန်းကို ပေါ့ပါးစေဖို့ လှပတဲ့ Live Wallpaper တွေ အသုံပြုမယ့် အစား ပိုမိုသင့်တော်ကောင်းမွန်တဲ့ Original Wallpaper တွေကို အသုံးပြုသင့်ပါတယ်။ ထို့အပြင် Screen ပေါ်မှာ မိမိအတွက် အသုံးမလိုတဲ့ icon တွေနဲ့ widgets တွေ ထားခြင်းမှ ရှောင်ရှားသင့်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ပြီး Performance ကိုလည်း ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

၃။ အသုံးမလိုတဲ့ Application တွေကို Uninstall သို့မဟုတ် Disable ပြုလုပ်ပါ

တချို့သော App တွေဟာ မိမိအတွက် အသုံး မ၀င်သလို မိမိရဲ့ စက်ကိုလဲ လေးလံစေပါတယ်။ အဆိုပါ အချက်တွေကလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ Uninstall သို့မဟုတ် Disable လုပ်ဖို့ Setting > App ကိုသွားပါ။ ပြီးရင် All ဆိုတဲ့ Tab မှာ မိမိအတွက် အသုံးမ၀င်သော Application များကို Uninstall ပြုလုပ်ပေးပါ။ ထို့အပြင် အသုံးမပြုသော default app များကို Disable ပြုလုပ်ပေးပါ။ ထို့နောက် Setting > App ထဲမှ Running App ထဲတွင် မိမိက မသုံးပေမယ့် နောက်ကွယ်မှာ အလုပ်လုပ်နေသော App များကို ပိတ်ပေးပါ။ အဆိုပါ အချက်များကြောင့်လည်း စမတ်ဖုန်းဟာ ပိုမိုလေးလံနိုင်ပါတယ်။

၎။ Animations အသုံးပြုမှုကို ပိတ်ထားပါ

သင်ရဲ့ စမတ်ဖုန်းကို ပုံမှန်အတိုင်း အသုံးပြုနေရင်တော့ မသိသာပါဘူး။ တကယ်တမ်း လေ့လာမယ်ဆိုရင်တော့ Page လေးတွေ ရွေ့သွားတာက ရိုးရိုး မဟုတ်ပါဘူး။ လှုပ်ရှားမှုတိုင်းမှာ Animation လေးတွေ ပါရှိပါတယ်။ အဆိုပါ Animation ကြောင့်လည်း ဖုန်းဟာ ပိုမို လေးလံတတ်ပါတယ်။ Animation တွေကို ပိတ်ချင်ရင်တော့ ဖုန်းမှာ Developer options ဖွင့်ထားမှ ရမှာပါ။ Developer options ထဲမှာ အောက်ဆုံးကို သွားလိုက်ပါ။ Window animation scale, Transition animation scale နဲ့ Animator duration scale တို့ကို အနည်းဆုံးဖြစ်တဲ့ 5x ပမာဏ သို့မဟုတ် ပိတ်ထားပေးပါ။ ဒီအချက်တွေဟာလည်း ဖုန်းကို လေးလံစေသော အချက်များထဲက တစ်ခုဖြစ်ပါတယ်။

၅။ Application တွေရဲ့ Data တွေပါတဲ့ cached တွေကို ရှင်းပေးပါ

ဖုန်းတွေမှာ တချို့ app တွေဟာ လိုအပ်တဲ့ data ဖိုင်တွေကို ဖုန်းရဲ့ Storage ထဲမှာ ထားရှိတတ်ပါတယ်။ ဥပမာ Offline ဖတ်ရှုနိုင်တဲ့ သတင်း ကဲ့သို့သော Application တွေဟာ လိုအပ်တဲ့ offline ဖတ်ရှုနိုင်တဲ့ Data တွေကို ဖုန်းထဲမှာ ထားတတ်ကြပါတယ်။ အဆိုပါ App တစ်ခုချင်းဆီမှာလည်း Data cached တွေကို ရှင်းနိုင်သလို Setting > Storage ထဲမှာလည်း Cached ဖိုင်တွေကို ရှင်းလို့ရပါတယ်။

၆။ Wipe cache partition ပြုလုပ်ခြင်း

Wipe cache ဆိုတာ ဖုန်းထဲမှာ သိုလှောင်ထားတဲ့ App တွေရဲ့ ယာယီ Data တွေကို ဖျက်ပစ်တာပါ။ ဒီလိုဖျက်ရာမှာ internal storage ထဲမှာ ဝင်ရောက် ဖျက်နိုင်သလို မမြင်နိုင်တဲ့ ဖိုင်တွေကိုတော့ ဖုန်းရဲ့ Partition တစ်ခုဖြစ်တဲ့ Recovery မှ ၀င်ရောက်ဖျက်ပေးရမှာ ဖြစ်ပါတယ်။ မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ Recovery သို့ ၀င်ရောက်နည်းတွေကို Google မှာ ရှာဖွေနိုင်ပါတယ်။

၇။ အခြား ပေါ့ပါးစေမယ့် Third party Launcher ကို အသုံးပြုပေးပါ

စမတ်ဖုန်းတိုင်းမှာ Google မှထုတ်လုပ်တဲ့ Nexus Devices တွေက လွဲလို့ Android OS ပေါ်ကို အခြေခံထားတဲ့ Launcher တွေကို အသုံးပြုကြပါတယ်။ အဆိုပါ Launcher တိုင်းဟာ ဖုန်းပေါ်မှာ အခြေပြု လုပ်ဆောင်နေတာဖြစ်လို့ CPU တွေ စွမ်းအင်ကို အသုံးပြု လည်ပတ်နေတာ ဖြစ်ပါတယ်။ အခြား Developer တွေရေးသားထားတဲ့ Third party Launcher တွေဖြစ်တဲ့ Go launcher, Next Launcher တို့ကို အသုံးပြုခြင်းဖြင့် CPU ရဲ့ စွမ်းဆောင်ရည်တွေကို လျော့ချနိုင်သလို ဖုန်းကိုလည်း ပိုမို သွက်လက်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၈။ Factory Reset ချခြင်း

ဒီစကားကိုတော့ တော်တော်များများ ကြားဖူးမှာပါ။ မိမိရဲ့ ဖုန်း တော်တော်ကို လေးလံလာပြီဆိုရင် လုပ်တတ်ကြပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဟာလည်း ဖုန်းကို စက်ရုံမှ ထုတ်သကဲ့သို့ ပြုလုပ်ပေးတာဖြစ်တာကြောင့် ဖုန်းကို ပိုမို ပေါ့ပါးစေပါတယ်။ ဒါပေမယ့် Factory reset ပြုလုပ်မယ်ဆိုရင်တော့ Data တွေကို back up ပြုလုပ်သင့်ပါတယ်။ Factory reset ချချင်တယ်ဆိုရင်တော့ Setting > Backup & reset > Factory reset ဆိုသော ခလုတ်ကို နှိပ်ပြီး ပြုလုပ်ရမှာပါ။

၉။ ဖုန်းကို Over Clock ပြုလုပ်ခြင်း

Over Clock ပြုလုပ်ခြင်းဟာလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်တာဖြစ်ပြီး Processor တွေကို အမြန်နှုန်း မြှင့်လိုက်ခြင်း ဖြစ်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဖုန်းဟာ ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Over Clock ပြုလုပ်ခြင်းဟာ System ပိုင်းဆိုင်ရာကို ပြုပြင်တာဖြစ်တာကြောင့် Root Access လိုအပ်မှာ ဖြစ်သလို အခန့်မသင့်ရင် ဖုန်းကို ပျက်ဆီးစေနိုင်တာကြောင့် သတိထားပြီး ပြုလုပ်စေချင်ပါတယ်။

၁၀။ Auto Sync ကို ပိတ်ထားခြင်း

Android Device အသုံးပြုသူများဟာ ဖုန်းနဲ့ Cloud Service တွေကို ချိတ်ဆက် အသုံးပြုကြတာကြောင့် Data တွေကို ဖလှယ်တဲ့ စနစ်ဖြစ်တဲ့ sync ကို အသုံးပြုကြပါတယ်။ ဒါပေမယ့် အဆိုပါ အလိုအလျောက် ဖလှယ်တဲ့ စနစ်ဖြစ်တဲ့ Auto sync ဟာ နောက်မှာ Run နေတတ်ပါတယ်။ ဒီစနစ်ဟာ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ Battery ကို အသုံးပြုမှု များတာကြောင့် အားကုန်ခြင်း စက်လေးခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုလိုသော Data ကို Sync ပြုလုပ်ပြီးလျှင် Auto sync စနစ်ကို ပိတ်ပေးသင့်ပါတယ်။

Credit: Original Aurthor

Android OS အသုံးပြုသည့် စမတ်ဖုန်းကို ပေါ့ပါးစေရန်(၁၀)ချက် Reviewed by Mr.Win Hlaing on Monday, April 27, 2015 Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.