Lastest News

recentposts
[post_ad]

Asus Zenfone 5 ကို Root ဖောက်နည်း

အားလုံးပဲမင်္ဂလာပါ…..
Asus ရဲ့ လူကြိုက်များလာတဲ့ Zenfone ဖုန်းတွေထဲမှာ Zenfone 5 ရဲ့ Root ဖောက်နည်းကို သူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ်။
ကျွန်တော် ဒီ Post ရေးဖြစ်ပုံလေးကို ပြောပြချင်သေးတယ်ဗျ။ ဒီလိုဗျ ကျွန်တော် ကောင်မလေးရဲ့ အစ်ကို ကသူဝယ်ထားတာ Zenfone 5 ပဲဗျ။ အဲဒါနေ့ကအလုပ်နားတော့ သူနဲ့လျှောက်သွားတာပေါ့။ ဖြစ်ချင်တော့ အဲနေ့မှာပဲ သူအစ်ကိုနဲ့တည့်တည့်တိုးရော….
ကျွန်တော်လဲရင်တွေပူသွားတာ…. ကျွန်တော်ကောင်မလေးက ထွက်ပြေးမယ်ပေါ့။ ဒီအချိန်မှာထွက်ပြေးလဲဘာထူးတော့မှာလဲ ဒါနဲ့ ကျွန်တော်လည်းရပ်ပြီးပြုံး ပြနေလိုက်တယ်… ရပ်နေမှန်းသိလို့လားမသိဘူး သူအစ်ကိုက ကျွန်တော်ဆီတည့်တည့်လာတာဗျ ကျွန်တော်စိတ်ထဲ ထင်လိုက်တာက လက်သီးနဲ့ဆွဲထိုးမှာလား ဒါမှမဟုတ် သူညီမနဲ့သဘောမတူလို့များပြောမလားပေါ့… စိတ်တွေပူသွားတာ။
သူလာတာကလည်း ဒေါသအရမ်းထွက်နေတဲ့ပုံဆိုတော့ ….
ပြီးလဲပြီရော ကျွန်တော်နားကပ်လာပြီး ညီလေးရေ အစ်ကို Zenfone 5 Root ဖောက်ချင်လို့ ဘယ်လိုလုပ်ရမလဲဆိုပြီးလာမေးတယ်…. အဲဒါနဲ့ အခြေအနေကောင်းသွားတယ်လို့ ပြောရမှာပေါ့… ကျွန်တော်လည်းရင်ထဲကအပူကြီးအခုမှကျသွားတယ်။ ကျေးဇူးရှင်အစစ်က Zenfone လို့တောင်ပြောလို့ရတယ်။
ဒီလိုနဲ့ Zenfone Root ဖောက်နည်းကို ရေးဖြစ်သွားတာပါ။
ကျေးဇူးပါပဲ ချစ်ယောက်ဖရေ….. ကျွန်တော် ပြောတာတောင်နည်းနည်းများသွားပြီနဲ့တူတယ်။ ဒါဆို Root ဖောက်ဖို့အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်ကြရအောင် …..
အရင်ဆုံး လိုအပ်တဲ့ဖိုင်တွေကို အောက်မှာပေးထားတဲ့ လင့်တွေထဲကနေ ဒေါင်းလုပ်ရယူပါ…
Zenfone 5 Root File
Download Here 
 Asus Zenfone Driver
 Download Here
အားလုံးဒေါင်းပြီးပြီဆိုရင် Desktop မှာ Folder တစ်ခုဆောက်ထားပါ။ စပြီး Driver Install လုပ်ပါ။
Install လုပ်ပြီးလျှင် ဖုန်းထဲမှာ ရှိတဲ့ အရေးကြီးတဲ့ Data များကို BackUp ယူထားပါ။ ပိုပိုလိုလိုပေါ့ …
(မှတ်ချက် ။ ။ USB Debugging တော့ On ထားပေးဖို့မမေ့ပါနဲ့။
USB Debuggin On မသိဘူးမတတ်ဘူးဆိုရင် ဒီမှာ သွားကြည့်ပါ။
 ဖုန်းကိုအနည်းဆုံး ဘက်ထရီ 60% လောက်ရှိအောင်ထားပါ။)
ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ…


ချိတ်ဆက်လိုက်ပြီး Driver သိပြီးဆိုရင် စောစောက Desktop မှာထားထားတဲ့ Folder ထဲမှာ Zenfone5 Rootkit ကို extract လုပ်လိုက်ပါ။
အဲဒီမှာ Root-Zenfone.bat File ကို run လိုက်ပါ။
အောက်ကပုံအတိုင်းတက်လာပါလိမ့်မယ်။


ဒီအချိန်မှာ Key တစ်ခုခုကိုနှိပ်ပေးလိုက်ပါ။ ဒါဆို Root Process စတင်နေပါပြီ…


ဖုန်းက Root ဖောက်နေချိန်မှာ 5-6 ကြိမ်လောက် Reboot ကျနေမှာပါ။ နောက်ဆုံးမှာ အားလုံးအောင်မြင်သွားပြီးဆိုရင် အောက်ကပုံအတိုင်းတက်လာမှာပါ။

Asus Zenfone 5 ကို Root ဖောက်တာအောင်မြင်သွားပါပြီ။ ဖုန်းထဲမှာ SuperSU icon ကိုလည်းတွေ့နေရပါပြီ။
super su မရှိပါက ဒီနေရာ သွားဒေါင်းပါဗျာ။


အားလုံးအဆင်ပြေကြပါစေ…

PDF File ဖြင့်လိုချင်သူများအတွက်...
  Download Here

Credit To:Today's Technology

Asus Zenfone 5 ကို Root ဖောက်နည်း Reviewed by Win Hlaing on Thursday, April 30, 2015 Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.